အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံတန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်နည်း သင်တန်းဆင်းပွဲ 

သာပေါင်း ဖေဖော်ဝါရီ ၁၅ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအခြေခံတန်ဖိုးမြင့်စားသောက်ကုန်ထုတ် လုပ်နည်း သင်တန်းဆင်းပွဲကို ယမန်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးဦးနေထက်ရှိန် (ညွှန်ကြားရေးမှူး)နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ သင်တန်းဆင်းအမှာ စကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ဝတ်ရည်စိုးက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သောအသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်း များ ဖွင့်လှစ်ပေးခြင်းဖြင့်ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်တို့အတွက် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းနှင့်သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ သင်တန်းနည်းပြဆရာမဒေါ်စန္ဒာဆွေဦးက သင်ခန်းစာများနှင့်သင်ကြားခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားခဲ့ပြီးနောက်ထူးချွန်ဆုရသင်တန်းသား၊ သင်တန်းသူများအား ဆုများနှင့် သင်တန်းဆင်း‌လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံတန်ဖိုးမြင့် စားသောက်ကုန်ထုတ် လုပ်နည်းသင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောပြန်လည်ပြောကြားခဲ့သည်။သာပေါင်းမြို့ နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာရေးနှစ်အတွင်း (၂) ကြိမ်မြောက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှနည်းပညာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ 

မျိုးဇော်သိန်း