အထက်မင်းလှ ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန် (Omicron) ကူးစက်ပျံ့ပွားမှုမရှိစေရန်နှင့်ကြိုတင်ကာကွယ် ရေးအသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့နေ့လယ် ၃ နာရီက မြို့နယ်ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုဲ့ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့်၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး အမှတ်(၅)ရပ်ကွက်သို့ အသိပညာပေး နှိုးဆော်ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲသစ်အိုမီခရွန် ကူးစက် ပျံ့နှံ့မှုသည် ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက်ပိုမိုများပြားလာခြင်း၊ မြန်မာနိုင်ငံတွင်လည်း အိုမီခရွန်ရောဂါပိုးတွေ့ရှိသူများရှိနေပြီး မင်းလှမြို့နယ်တွင်လည်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများ ဖြစ်ပွားနေသည့်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက် ကြရန်၊ နေအိမ်ပြင်ပထွက်ခွါပါက နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ရန်၊ လက်ကိုစနစ်တကျဆေးရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကိုသက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိသောကြောင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြရန်နှင့် အကြိမ်ရေပြည့်အောင် မပျက်မကွက်ထိုးနှံပေးကြပါရန် စသည့် အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)