နတ်မောက် ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ဆုတောင်းပြည့်ဘုရားကြီးအား တပိုတွဲလပြည့်နေ့ ယနေ့နံနက်(၆)နာရီ အချိန်တွင် မြို့ပေါ်ရှိရပ်ကွက်နေပြည်သူများမှ ထမနဲဆွမ်းကပ် လှူပူဇော် သူများဖြင့် စည်ကားလျက်ရှိ ကြောင်း သိရသည်။
နတ်မောက်မြို့၏ အထင်ကရတစ်ခုဖြစ်သော ဆုတောင်းပြည့်ဘုရားကြီးတွင် တပို့တွဲလပြည့် နေ့ထူးနေ့မြတ် ဖြစ်သည့် အတွက် ဒေသခံပြည်သူများက ဘုရားကြီးအား ထမနှဲဆွမ်း ကပ်လှူပူဇော်ခြင်း၊ ပန်း၊ ရေချမ်း၊ ဖယောင်းတိုင်မီးများ၊ အမွှေးတိုင်များ ကပ်လှူကြပြီး၊ ဘုရားကြီးတွင် ဥပုဒ်သီတင်းဆောက်တည်ခြင်း၊ အဓိဌာန် ပုတီးစိပ်ခြင်းနှင့် လူငယ်လေးများ ကလည်း မိမိတို့၏ ဖုန်းများဖြင့် အပျော်တမ်းဓါတ်ပုံများရိုက်ကာ ဘုရားကြီး၏ ရင်ပြင်တော်တွင် စည်ကားလျက်ရှိကြောင်း သိရသည်၊၊
လှဝင်း