လှိုင်းဘွဲမြို့၌ ကိုဗစ် - ၁၉ရောဂါကာကွယ်ရေးနှင့် ကိုဗစ်မျိုးကွဲ အိုမီခရွန်(Omicron) ကူးစက်မှုကြိုတင်ကာကွယ်နိုင်ရန်အတွက် Mask Canpaign ဆောင်ရွက်

လှိုင်းဘွဲ့ ဖေဖော်ဝါရီ ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ​မြို့နယ်တွင်ကိုဗစ် - ၁၉ ရောဂါနှင့်ကိုဗစ်မျိုးကွဲ အိုမီခရွန်(Omicron) ကူးစက်မှုပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အိမ်အပြင် ထွက်သူတိုင်း နှာခေါင်းစည်းတပ်ဆင်ရေး Mask campaignကို    ယနေ့ နံနက် ၇ နာရီအချိန်က စည်ပင်မြို့မစျေးကြီး၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း ဦးဆောင်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်စခန်းမှ  မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းရုံးမှတပ်ဖွဲ့ဝင်များက စျေးဝယ်သူများ၊ လမ်းသွားလမ်းလာခရီးသွားပြည်သူများအား နေအိမ်ပြင်ပမှထွက်ခွာတိုင်း မဖြစ်မနေ နှာခေါင်းစည်းကို အမြဲတပ်ဆင်ကြရန် အသိပညာပေး ပြောကြားပေးခဲ့ပြီး  အပြင်သွားလာရာတွင် နှာခေါင်းစည်း Mask တပ်ဆင်ထားခြင်းမရှိသော လမ်းသွားလမ်းလာပြည်သူ (၂၅၀၀ )ဦးတို့အား Mask များကို အခမဲ့ပေးဝေခဲ့ကြပြီး အသိပညာပေး ကာလအား(၃)ရက် သတ်မှတ်ပေးထားကြောင်း၊ ပညာပေးရက်ပြီးလျှင် နှာခေါင်းစည်း(Mask)များကို ချက်ခြင်းဝယ်၊ ချက်ခြင်းတပ် စနစ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရ သည်။

လင်းသန့်(ပြန်/ဆက်)