ရှမ်းရွာသစ်မြို့တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသ ဆောင်ရွက်

ရှမ်းရွာသစ် ဖေဖော်ဝါရီ ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကျောင်းသား/ကျောင်းသူများအနေဖြင့်  အလွယ်တကူ ဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် လူကုန်ကူးမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ လူကုန်ကူးမှု ခံရနိုင်ဖွယ်ရှိသည့် အချက်များကို ပြသဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။

စောဂျိုးဇက်ဂျူး