လိပ်သို ဖေဖော်ဝါရီ ၁၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံတောင်သူများမှာ ဖာလာ၊ ကွမ်းသီး၊ ကော်ဖီ စသည့် နှစ်ရှည်သီးနှံပင်များကိုသာ အဓိကထားစိုက်ပျိုး အသက်မွေးကြရာမှ ယခုအခါ စိုက်ပျိုးရေးအသိပညာပေးမှုများကြောင့် ယခင်က စိုက်ပျိုးသုံးစွဲရန် မသိရှိခဲ့သော နှစ်တိုသီးနှံပင် တစ်မျိုးဖြစ်သည့် ခွေးလှေးယားသီးပင်များကို စမ်းသပ်စိုက်ပျိုးခဲ့ကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ထွက်ရှိလာသော ခွေးလှေးယားစေ့များကို ပြန်လည်ရောင်းချရန် ဈေးကွက်မရှိသောကြောင့် စီးပွားဖြစ်စိုက်ပျိုးမှု မရှိကြသေးသော်လည်း မိမိတို့အိမ်ခြံဝင်းအတွင်း မြေကွက်လွတ်များတွင် တစ်ပိုင် တစ်နိုင် စိုက်ပျိုးလျက်ရှိကြပြီး အစေ့ကို ဆေးဝါးအဖြစ် စားသုံးကြပြီး ၊ အသီးနုနှင့် အရွက်နုတို့ကို ဟင်းအဖြစ် ချက်ပြုတ်စာသုံးကြကြောင်းသိရသည်။
လိပ်သို (ပြန်/ဆက်)