ကျွန်းစုမြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေး လိုင်စင်များအား စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချ

ကျွန်းစု ဖေဖော်ဝါရီ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ် စည်/ပင်ရုံး၌ စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေး လိုင်စင်(၁၆) ခုရှိရာ ယနေ့တွင် လာရောက်လေလံဆွဲဝယ်ယူသူ (၁၅) ခုရှိပြီး  အဆိုပါလိုင်စင် (၁၅) ခု၏ ကြမ်းခင်းစျေးမှာ ကျပ်    (၅၀၈.၃၃)  သိန်းဖြစ်၍  စျေးပြိုင်စနစ်ဖြင့် လေလံ ရောင်းချရငွေမှာ ကျပ် (၂၃.၈၆)သိန်း ပိုမိုရရှိကြောင်း ကျန်ရှိနေသော လေလံ(၁)ခုအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

စည်သူရအောင်(ကျွန်းစု)