လိပ်သို ဖေဖော်ဝါရီ ၁၄
လိပ်သိုမြို့ရှိ ပြည်သူများ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်၊ စာပေလေ့လာ ဖတ်ရှုသည့် အလေ့အထရှိစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန်၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက်ပိုင်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်ပြပွဲတွင် ကမ္ဘာမြေကိုထိန်းသိမ်းကြပါစို့၊ သဘာဝပတ်ဝန်းကျင် စိန်းလန်းဖို့ သစ်တောသစ်ပင်ထိန်းသိမ်းစို့၊ သစ်ပင်စိုက်ပျိုးထိန်းသိမ်းလျှင် အကျိုးများမည် အမှန်ပင်၊ စိုက်ပျိုးပြီးသစ်ပင်များ ရှင်သန်ရေးပြုစုပေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လူတိုင်းပါဝင်ကူညီပေး အစရှိသည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ရုံးရှေ့မြေစိုက်ဘုတ်နှင့် ရုံးတွင်း နံရံကပ် စာစောင်များတွင် ပြသပေးခဲ့သည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် အခါအားလျော်စွာ အသိပညာပေး နံရံကပ် စာစောင်များကို တစ်ပတ်လျှင်နှစ်ကြိမ် အသစ်လဲလှယ်ပြသ ပေးလျက်ရှိပြီး နေ့ထူးနေ့မြတ်များတွင်လည်း အချိန်နှင့်တပြေးညီ အသိပညာပေး အကြောင်းအရာများကို ပြသပေးလျက်ရှိပြီး ပြည်သူများ လာရောက် လေ့လာ ဖတ်ရှုနိုင်ကြောင်း သိရသည်။
နော်နီလာအေး(လိပ်သို)