ဝက်လက် ဖေဖော်ဝါရီ ၁၄
မုံရွာမြို့ သဒ္ဓမ္မဇောတကသုဗောဓာရုံ နာယကဆရာတော် အရှင်အဘိဇာတာ လင်္ကာရဘဝံသ၏ ကြွင်းကျန်ရစ်သော အရိုးပြာအိုးတော်ကို စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ဆင်နင်းကျေးရွာသို့ ယနေ့နံနက် ၉ နာရီအချိန်က ပင့်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိပိဋက ဆရာတော်သည် ဝက်လက်မြို့နယ် ဆင်နင်းကျေးရွာ ဇာတိဖွား ဖြစ်သောကြောင့် ဇာတိမြေသို့ အရိုးပြာအိုးတော် ပင့်ဆောင်ကြောင်း သိရသည်။
ဆရာတော်၏ အရိုးပြာအိုးတော် ပင့်ဆောင်ရာ ဝက်လက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဉာဏ်လှိုင်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ ဝန်ထမ်းများတပည့် ဒကာ၊ ဒကာမများက လမ်းဘေး ဝဲယာများမှ ရှိခိုးပူဇော် ကန်တော့ကြကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)