လှိုင်းဘွဲ့ ဖေဖော်ဝါရီလ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ် စစ်မှုထမ်းဟောင်းကျေးရွာတွင် စစ်မှုထမ်းဟောင်း မိသားစုဝင်များအနေဖြင့် စည်းလုံးညီညွတ်မှုစေရန်၊ ပျော်ရွင်စွာပါဝင်ဆောင်ရွက်တတ်စေရန်၊ မြန်မာတို့ဆယ့်နှစ်ရာသီလထဲတွင် တပို့တွဲလကို ထမနဲထိုးပွဲအဖြစ် အမှတ်ရစေရန် ရည်ရွယ်၍ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထမနဲထိုးပြိုင်ပွဲကို စစ်မှုထမ်းဟောင်းမိသားစုဝင်များက အဖွဲ့(၄)ဖွဲ့ခွဲ၍ စုပေါင်းယှဉ်ပြိုင်ခဲ့ကြပြီး လှိုင်းဘွဲမြို့နယ် ဥပဒေအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ငွေ၊ မြို့နယ်သမဝါယမ ဦးစီးဌာန(အငြိမ်းစား)ဦးမောင်မောင်သန်းနှင့် မြို့နယ်သမဝါယမအသင်းစုလီမိတက် ဥက္ကဋ္ဌ ဦးလင်းခိုင်တို့က အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ထမနဲထိုးပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုငွေများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)