နတ်မောက် ဖေဖော်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ဆုတောင်ပြည့်ဘုရားကြီးအား ဆွမ်းတော်ကြီးကပ်လှူပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ဖေဖော်ဝါရီလ (၁၅) ရက်နေ့ (တပိုတွဲလပြည့်နေ့) နံနက်(၅)နာရီအချိန်မှစ၍ နှစ်စဉ်ရိုးရာမပျက် စည်ကား သိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း သိရသည်။
နံနက်ပိုင်းတွင် ဆုတောင်း ပြည့်ဘုရားကြီးအား ရွှေသင်္ကန်း ကပ်လှူပူဇော်ရန် အလှူငွေများ လှူဒါန်းခြင်းနှင့် ညနေပိုင်းတွင် သံဃာတော်အပါး (၂၅၀) ကျော်တို့အား ဆွမ်းဆန်စိမ်း လောင်းလှူခြင်းကို နတ်မောက် မြို့ပေါ်(၇)ရပ်ကွက်ရှိ အလှူရှင်များနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ အလှူရှင်များစုပေါင်း၍ လှူဒါန်းမည်ဖြစ်ကြောင်း ဆုတောင်းပြည့် ဘုရားကြီးကျောင်းတိုက် ဆရာတော် ဦးဥပ္ပလထံမှသိရသည်။
လှဝင်း