မင်းတုန်းမြို့၌ အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံရောင်းချပွဲ အခမ်းအနားကျင်းပ

မင်းတုန်း ဖေဖော်ဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် (ဧပြီမှ မတ်လအထိ) အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံရောင်းချပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးဇော်မင်းက အဖွင့်အမှာစကား ပြောကြားပြီး  လေလံရောင်းချရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှုဆောင်အရာရှိ ကိုယ်စား သရက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဝင်းမှ လေလံစည်းမျဉ်း စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် (ဧပြီမှ မတ်လအထိ) အရပ်ရပ်အခွင့်အရေး လိုင်စင်များ လေလံရောင်းချရာ မြို့မဈေးကောက်၊ ဝက်ခုံ(၈)ခု၊ ဆိပ်ခုံ(၂)ခု၊ ဆိပ်ကမ်း ကပ်ခကောက်(၁)ခု၊ ကူးတို့(၂)ခုနှင့် အပေါင်ဆိုင်(၁)ခု စုစုပေါင်း လိုင်စင်(၁၅)ခုအား သတ်မှတ်စည်းကမ်းနှင့် အညီ ဈေးပြိုင်စနစ်ဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်