ပြင်စလူမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပြင်စလူ ဖေဖော်ဝါရီလ  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇ ပြောင်းရောဂါပိုး အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း သိရသည်။

အသိပညာပေးနှိုးဆော်ရာ၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ အိုမီခရွန် ကူးစက်ပျံ့နှံ့မှုသည် ရက်ပိုင်း အတွင်း နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်း၊ အိုမီခရွန်မျိုးကွဲသစ်သည် မူလ ကိုဗစ်-၁၉ ရောဂါနှင့် လုံးဝမတူခြင်း၊ ယခင်ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူးသူများ ထပ်မံဖြစ်ပွား နိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် မိဘပြည်သူများအနေဖြင့် ပြင်ပမှဧည့်သည်များ လက်မခံပါ ရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုရန်၊ကိုဗစ်-၁၉ရောဂါကိုမိမိကစ၍ ကာကွယ်ပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ၊ တတ်နိုင်သမျှ အိမ်မှာနေပါ၊ လူစုလူဝေးရှောင်ပါ၊ အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)တပ်ဆင်ပါ၊ ချောင်းဆိုး၊ နှာချေလျှင် တံတောင်ဆစ် ကွေးနှင့်အုပ်၍ဆိုးပါ၊ ပြတင်း ပေါက်များကို ဖွင့်ထားပါ၊လက်ကိုမကြာ ခဏဆပ်ပြာနှင့် စနစ်တကျ စက္ကန့် (၂၀)ကြာ ဆေးကြောကြပါ ၊သံသယလက္ခဏာခံစားရလျှင် ကျန်းမာရေးဌာနသို့ ချက်ချင်း ဆက်သွယ် ကြရန်ဖြစ်သည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံရန်နှင့် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားခြင်း ကြောင့်ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ခြင်း၊ အတူနေမိသားစုနှင့် အခြားသူများ ကိုကာကွယ်နိုင်ခြင်း၊ အိုမီခရွန် အပါအဝင်မျိုးဗီဇပြောင်း ပိုးများကူးစက်မှုမှ ကာကွယ် နိုင်ခြင်း၊ရောဂါကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်နိုင်ခြင်း အစရှိသည့်အကျိုး ကျေးဇူးများ ရရှိနိုင်သည့် ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ရပ်တန့်ဖို့ ရောဂါကာကွယ်ရေးလုပ်ငန်း လမ်းညွှန်ချက် များနှင့်အညီ တိကျစွာလိုက်နာ၍ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်အသိပညာပေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင် ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက်  (၉)နာရီအချိန်က ပြင်စလူမြို့၊ ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ မြို့မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ် ရပ်ကွက်များအတွင်း  Hand Speakerဖြင့် နှိုးဆော် အသိပညာပေးလျက်ရှိသည်။

ဇော်ဝင်းထွန်း(ပြန်/ဆက်)