အထက်မင်းလှ ဖေဖော်ဝါရီလ ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန် (Omicron) ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီက မင်းလှမြို့အဝင်တြိဂံလမ်းဆုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးများပူးပေါင်းအဖွဲ့က ခရီးသွားပြည်သူ များ၊ ဈေး ရောင်းဈေးဝယ်ပြည်သူများအား ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန် (Omicron)ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နေအိမ်ပြင်ပထွက်ခွါသွားလာရာတွင် နှာခေါင်းစည်းMaskကို မဖြစ်မနေ စနစ်တကျ တပ်ဆင်သွားလာရန်၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေးလမ်းညွှန် ချက်များအား လိုက်နာဆောင်ရွက်ရန်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိသူများအား နှာခေါင်းစည်းနှစ်ခုလျှင် ငါးရာကျပ်နှုန်းဖြင့် တစ်ဦးလျှင် နှာခေါင်းစည်း Mask (၂)ခုဝယ်ယူစေပြီး လက်တွေ့တပ်ဆင်အရေးယူခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)