ပွင့်ဖြူ ဖေဖော်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး ပညာပေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ပြည်သူများ နှာခေါင်းစည်းတပ်ဆင်ရေး ပညာပေး Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ဒေသခံပြည်သူများနှင့် ခရီးသွားပြည် သူများကို မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုများ ရှိနေပြီဖြစ်ကာ မိမိတို့မြို့နယ်တွင်လည်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုများ ရှိနေပြီဖြစ်၍ နေအိမ်ပြင်ပ သွားလာရာ၌ ပါးစပ်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ပြီးမှသာ သွားလာကြရန်၊ လူစုလူဝေး ရှိသောနေရာများ သွားလာခြင်း ရှောင်ကြဉ်ကြရန်၊ အရာဝတ္ထုတစ်ခုခု ကိုင်တွယ်ပြီးချိန်တိုင်း လက်ကို ဆပ်ပြာနှင့် စနစ်တကျ ဆေးကြောရန်၊ လက်မဆေးခြင်းမပြုမီ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ထိတွေ့ခြင်း မပြုလုပ်ရန်၊ အပြင်မှ ပြန်လာသည့်အခါ နှာခေါင်းစည်းကို စနစ်တကျ စွန့်ပစ်ရန်၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွါခွါနေထိုင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုအး အကြိမ်ပြည့်မပျက်မကွက် ထိုးနှံမှုအား ခံယူကြရန် စသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ အချက်များကို အသိပညာပေး ဆွေးနွေးပြောကြား၍ ပါးစပ်နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိပဲ ခရီးသွားလာ သူများကို ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းစေရေးအတွက် နှာခေါင်းစည်းတပ်ဆင်ရေး ပညာပေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ပြည်သူများ ပူးပေါင်းကာကွယ် တိုက်ဖျက်နိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အပတ်စဉ် ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။
ရဲဝင်းနိုင်