နတ်မောက် ဖေဖော်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် အသက်(၁၈)နှစ်အထက် ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သတ္တမအသုတ် (ပထမအကြိမ်) နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Bosster Dose ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ဖေဖော်ဝါရီလ (၁၄) ရက်နေ့အထိ အသက်(၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သတ္တမအသုတ် (ပထမအကြိမ်) ကာကွယ်ဆေး ထိုးနှံပြီးစီးသူ (၂၆၄) ဦးရှိပြီး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Bosster Dose ထိုးနှံပြီးစီးသူ (၁၁၀) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်နှင့်အညီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ စာရင်းများရေးသွင်းခြင်း စသည့်လုပ်ငန်းများကို မြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိ သည်။
နတ်မောက်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိ နေသည့်ပြည်သူများအား ဆေးထိုးစုရပ်အသီးသီးတွင် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက စဉ်ဆက် မပြတ် ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လှဝင်း