ပင်းတယ ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲ သစ် အိုမီခရွန်ကူးစက်ပြန့်နှံ့မှု မရှိစေရေး အတွက် အသိပညာပေးနှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး၊ (ပင်းတယ)မြ ဝန်ထမ်းများကမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း လှည့်လည်၍ Hand Speaker ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြသည်။
ယင်းသို့ နှိုးဆော်ရာတွင် ရပ်ကွက်နေပြည်သူများအားလုံး ကျန်းမာရေး စည်းကမ်းချက်များကို တသွေမတိမ်း လိုက်နာဆောင်ရွက်ပေးရန်၊ အိုမီခရွန် ကူးစက်ရောဂါသည် ကူးစက်မှုနှုန်း ပိုမိုမြန်ဆန်သည့်အတွက် အထူးဂရုပြုသွားလာနေထိုင်ကြရန်၊အရေးကြီး ကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ္တက် တပ်ဆင်ကြရန်၊ အပြင်မှ ပြန်လာတိုင်း (Mask) များကို စနစ်တကျ စွန့်ပစ်ကြရန်၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၆ ပေအကွာမှ နေကြရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြ ပါရန်၊ လက်ကို မကြာခဏဆေးကြောကြရန်၊ လက်ကို ဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သတ်ခြင်း၊ ကိုင်တွယ် ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြရန်နှင့် မိမိတို့နေအိမ်များကို ပြူတင်း တံခါးများဖွင့်ပြီး လေဝင်လေ ထွက်ရှိ အောင် လုပ်ကြပါရန် စသည့်အချက်များ လိုက်နာကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာထားရှိသည့် ညွှန်ကြားချက်များအား ပြည်သူများ သိရရှိ လိုက်နာဆောင်ရွက်နိုင်ရေး အသိပညာ ပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ပင်းတယ (ဒေသ ပြန်/ ဆက်)