မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများနှင့် တစ်ကြိမ်တခါမှမထိုးနှံရသေးသူများအားကိုဗစ်ကာကွယ်ဆေးဆက်လက်ထိုးနှံပေး

မိုးညို     ဖေဖော်ဝါရီ    ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲအချိန်က မိုးညိုမြို့၊ မြို့မ ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမ ကြီးရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံရာတွင် ပြီးခဲ့သည့်ဇန်နဝါရီလ ၁၃/၁၄ရက်တို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေး လျက်ရှိပြီး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသူများကိုလည်း ထိုးနှံပေးလျက်ရှိသည်။ ကာကွယ်ဆေးထိုးနှံပေးရာတွင်လည်း ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိုးညိုမြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား သက်ဆိုင်ရာစုရပ်များတွင် စဉ်ဆက် မပြတ်ထိုးနှံပေးချက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)