ရေကြည် ဖေဖော်ဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာ့ရိုးရာဆယ်နှစ်လရာသီ ပွဲတော်တစ်ခုဖြစ်သော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ ညနေ(၄) နာရီအချိန်က ဒီပါရုံစေတီတော်မြတ်ကြီး ဘုရားဝန်းအတွင်း၌ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၊ ဌာနဆိုင်ရာမိသားစုဝင်များ စုစုပေါင်းပြိုင်ပွဲဝင်(၂၁) သင်းနှင့်ဒိုင်အဖွဲ့ဝင်များ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အကဲဖြတ်ဒိုင်ချုပ် ဦးတက်ထွန်းက အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဒိုင်ချုပ်အဖွဲ့မှ ခရာပေးပြီး ထမနဲထိုးပြိုင်ပွဲကို စတင်ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် အသင်းများ၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲယှဉ်ပြိုင်မှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ထို့နောက်ဆုပေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ ဆုရရှိကြသည့် အသင်းများအား ဂုဏ်ပြုမှတ် တမ်းလွှာများနှင့် ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ပထမဆုရရှိသွားသည့် မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှ ပြိုင်ပွဲဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)