ရွှေသောင်ယံ ဖေဖေါ်ဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက် (၉) နာရီက အ.မ.က(၁၁၂)ခရင်ချောင်း ကျောင်းသို့ သွားရောက်ကာ စာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့ကြသည်။
အဆိုပါ Mobile ထွက်ကာစာအုပ်၊ စာစောင်များ ငှားရမ်းရာတွင် ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးစီးမှူးနှင့်စာကြည့်တိုက် မှူးတို့မှ ဗဟုသုတ အသိညာဏ်၊ ပညာ တိုးပွားစေမည့် သုတ၊ ရသစာအုပ်များ၊ ကလေးများကြိုက်နှစ်သက်စေမည့် ပုံပြင်၊ ရုပ်ပြ စာအုပ်များ စသည်ဖြင့် သယ်ယူ ငှားရမ်းပေးရာဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ လေ့လာ ငှားရမ်းခဲ့ကြကြောင်း သိရသည်။
ကိုကိုမောင်