ခမောက်ကြီးမြို့တွင် စိန်ရတုပြည်ထောင်စုနေ့နိုင်ငံတော်အလံတင် အလေးပြုအခမ်းအနားပြုလုပ်

ခမောက်ကြီး ဖေဖော်ဝါရီလ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံတင်၊အလေးပြုခြင်းအခမ်းအနားကို ခမောက်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ယနေ့ နံနက်(၅)နာရီခွဲခန့်က ပြုလုပ်ခဲ့ပါသည်။

ထိုသို့ နိုင်ငံတော်အလံတင်၊ အလေးပြုခြင်းကို ခမောက်ကြီးမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ်(၁/၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့က ခမောက်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အလံတိုင်တွင် နိုင်ငံတော်အလံတင်ခြင်းနှင့် အလေးပြုခြင်းအခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းမျဉ်းများနှင့်အညီ  ယနေ့နံနက်(၅)နာရီခွဲခန့်မှ စတင်ဆောင်ရွက်ခဲ့ရာ နံနက်(၅)နာရီ (၄၅)မိနစ်အချိန်တွင် အလံတင်၊အလေးပြုခြင်းအခမ်းအနားဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရပါသည်။

ရူပါမြင့်(ခမောက်ကြီး)