ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေး

ပွင့်ဖြူ       ဖေဖော်ဝါရီ        ၁၃

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၃ ရက် ၊ ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မုန်းသီတာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် က လတ်တလော ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ ရှိနေသဖြင့် မိမိတို့မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ၊ ထိုသို့ ဆောင်ရွက်ရာ၌ ဒေသခံပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်ရန်အတွက် လူထုလှုပ်ရှားမှု အသိပညာပေး Mask Campaign လုပ်ငန်းနှင့် ပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်သွား ရန်လိုအပ်ကြောင်း ၊ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများ မဖြစ်မနေ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသည့် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွား မှုလျော့နည်းစေရန် ဆောင်ရွက်မည့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ၊ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများ မဖြစ်မနေ ကာကွယ် ဆေး ထိုးနှံသွားနိုင်ရေးနှင့် လူထုလှုပ်ရှားမှုအသိပညာပေးလုပ်ငန်း ဆောင်ရွက်မည့်အစီအစဉ်များနှင့် ပိုးတွေ့အတည်ပြု လူနာများ စစ်ဆေးတွေ့ရှိပါက Quarantine ထားရှိပြီး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး ဆောင်ရွက် မည့်လုပ်ငန်းများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြသည်။ ထို့နောက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် က ဆွေးနွေးတင်ပြချက် များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

  ရဲဝင်းနိုင် ( ညောင်ဦး )