ကမ္ဘာ့သာသနာပြု အဓိဌာန်ဆရာတော် လောကဥူးသျှောင် ဗုဒ္ဓရုပ်ပွားပန္နက်တော်တင်မင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်ရန် မာန်အောင် မြို့နယ်သို့ကြွရောက်

မာန်အောင် ဖေဖော်ဝါရီ ၁၃

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကမ္ဘာ့သာသနာပြု မဟာဇေယျသိဒ္ဓိအဓိဌာန်ဆရာတော် ဥူးကုလရက္ခိတသည် ဉာဏ်တော်အမြင့် (၁၀၈)ပေရှိ လောကဥူးသျှောင်ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားပြုလုပ်ရန် ယနေ့ နံနက် ၉ နာရီက မာန်အောင် မြို့နယ်သို့ ကြွရောက်လာရာ သင်္ဘောဆိပ်ကမ်း၌ ဌာနဆိုင်ရာများ၊ မြို့နယ်သူ၊ မြို့နယ်သားများက ကြိုဆိုပူဇော်ကြပြီး သတင်းသုံးမည့်ရိပ်သာသို့ ပင့်ဆောင်ခဲ့ကြသည်။

ယင်းနောက် အဓိဌာန်ဆရာတော်သည် ဘုရားတည်ရန် ပန္နက်တော်တင်မည့် အနောက်စုရပ်ကွက်၊ ကွင်းအမှတ် (၈၆၀-က)ရှိ မြေ(၂)ဧကကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အတူကြွရောက် ကြည့်ရှုခဲ့သည်။

အဆိုပါ ဗုဒ္ဓရုပ်ပွားတော်မြတ် ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကို ဖေဖေါ်ဝါရီလ၂၀ရက် နေ့နံနက် ၉ နာရီအချိန်တွင် ကျင်းပသွားရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)