မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ကိုယ်လက်လှုပ်ရှား အားကစားနည်းများ ဆောင်ရွက်ပေး

လိပ်သို  ဖေဖော်ဝါရီ   ၁၃

ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ အနေဖြင့်    အားလပ်ချိန်များကို   အကျိုးရှိစွာ  အသုံးချတတ်ရန်၊  ဉာဏ်ရည်ဉာဏ်သွေး မြှင့်မားလာစေရန်၊  ကိုယ်ပိုင်တီထွင်  တတ်သည့်  အတွေးအခေါ်များ ရှိစေရန်၊  ကာယဉာဏ်ဏ ဖွံ့ဖြိုး လာစေရန်၊ စာကြည့်တိုက် ကို  အသုံးပြု တတ်စေရန်  ရည်ရွယ်၍  ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင်  ယမန်နေ့က ကိုယ်လက်လှုပ်ရှား အားကစားနည်းများ၊  ပြိုင်ပွဲများ  ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

အဆိုပါ  လုပ်ငန်းတွင်  မြို့ဦစီးမှူး နော်နီလာအေးက  ကလေးသူငယ်များအနေဖြင့်   ကာယဉာဏ်ဏ   အသိပညာ ဗဟုတတိုးပွား လာစေရန် ၊စာကြည့်တိုက်ကိုလာရောက် အသုံးပြုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက်   ယခုကဲ့သို့ ကိုယ်လက်လှုပ်ရှား အားကစားများနှင့်  ပြိုင်ပွဲများ  ပြုလုပ်ပေးခြင်းဖြစ်ကြောင်း  ပြောကြားခဲ့သည်။

ထို့နောက်  လာရောက်သော  ကလေးများအား  အမှတ်တရလက်ဆောင်များ  ပေးအပ်ခဲ့ကြောင်း သိရသည်။

နော်နီလာအေး (လိပ်သို)