အမာ ဖေဖော်ဝါရီ ၁၃
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့်ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အမှတ်(၃)ရပ်ကွက်၊ ချယ်ရီလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်ပွဲကို ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ နံနက် ၁၀ နာရီအချိန်ကကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမာမြို့စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာစကား ပြောကြားပြီး၊ စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူးမှ လမ်းနှင့်ပတ်သက်သည့် အချက်အလက်များ ရှင်းလင်း ပြောကြားခဲ့ပြီးနောက် မြို့စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်နှင့်အတွင်းရေးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ၊ အမာမြို့စည်ပင်သာယာရေး ကော်မတီ၏ ၂၀၂၁-၂၀၂၂ခုဘဏ္ဍာရေးနှစ်(၆လဘတ်ဂျက်) ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက် ခဲ့ခြင်းဖြစ်၍ လမ်းအရှည်(၆၁၇)ပေ၊ အကျယ်(၁၂)ပေနှင့် ထုထည်အမြင့် (၆)လက်မရှိပြီး လမ်းခင်းခြင်းလုပ်ငန်းကို နွေဦးခင်ကုမ္ပဏီမှ တင်ဒါအောင်မြင် ငွေကျပ်(၁၉.၃)သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမာ(ပြန်/ဆက်)