မြင်းမူ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်တောင်စုနေ့ အခမ်းအနားကျင်းပပြုလုပ်

မြင်းမူ ဖေဖော်ဝါရီ ၁၃

၂၀၂၂-ခုနှစ် (၇၅)နှစ်မြောက်  စိန်ရတုပြည်တောင်စုနေ့ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ   မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အတူ    တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီး အကဲများက နိုင်ငံတော်အလံအားအလေးပြုကြသည်။    ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြိးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့်  (၇၅)နှစ်မြောက် စိန်ရတုပြည်တောင်စုနေ့ သဝဏ်လွှာအား      မြို့နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲကိုကိုက ဖတ်ကြားကာ (၇၅)နှစ် မြောက် စိန်ရတုပြည်တောင်စုနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားအပြီးတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်တောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့်  ဌာနပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲ၊  U -16 ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲနှင့်   နှစ်ယောက်တွဲစားပွဲတင် တင်းနစ်ပြိုင်ပွဲများတွင်   ဆုအသီးသီးရရှိသူများအား     မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲကိုကိုနှင့်   ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများဆုများ အသီးသီး ပေးအပ်ခဲ့သည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများအား    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသည့် (၇၅)နှစ်မြောက် စိန်ရတုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား မြို့နယ် ပြန်/ဆက် ဦးစီးဌာနက အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အောင်စိုးဖေ (မြင်းမူ)