ပြည် ဖေဖော်ဝါရီ ၁၃
၂၀၂၂ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ကြားပွဲနှင့် ဂုဏ်ပြုဆုချီးမြင့်ပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ယမန်နေ့နံနက် ၇နာရီ၊ မိနစ် ၄၀ အချိန်ကကျင်းပပြုလုပ်ရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့ အစည်းများ၊ ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများတက်ရောက်သည်။
ရှေးဦးစွာတက်ရောက်လာကြသူများက နိုင်ငံတော်အလံအား အလေးပြုကြပြီး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီး ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သော ၂၀၂၂ခုနှစ်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်ကဖတ်ကြားသည်။
ယင်းနောက်၂၀၂၂ခုနှစ်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီး အဆင့်ကျပန်းစကား ပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် အေရိုးဗစ်ပြိုင်ပွဲတို့တွင်ဆုရရှိသူများ၊ ပြည်ခရိုင်အမျိုးသမီးရေးရာ အဖွဲ့မှကြီးမှူး ကျင်းပသော လှယဉ်ကျေးမယ်ပြိုင်ပွဲပထမဆုရရှိသူနှင့် မြို့နယ်အဆင့်စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ကာတွန်းနှင့် ကျပန်းစကားပြောပြိုင်ပွဲများတွင်ဆုရရှိခဲ့သော အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း အဆင့်ကျောင်းသား၊ကျောင်သူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြင့်သည်။
ထို့နောက်တာဝန်ရှိသူများက ဆုရရှိသူများနှင့် အတူအမှတ်တရဓာတ်ပုံရိုက်ကူး ကြပြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပညာရေးဌာနတို့မှ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်နံရံကပ် စာစောင်များအား ကြည့်ရှုလေ့လာကြကြောင်းနှင့် အခမ်းအနားတက်ရောက် လာကြသူများကို ခရိုင်ပြန်/ဆက်ဝန်ထမ်းများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်ထုတ် ဝေသည့်သတင်းစကားလက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်