မကွေးတိုင်းဒေသကြီးတွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် တူရွှင်နွှဲပျော်ဂီတ ပွဲတော် နောက်ဆုံးဖိုင်နယ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မကွေး ဖေဖော်ဝါရီ       ၁၃

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် တူရွှင်နွှဲပျော်ဂီတပွဲတော် နောက်ဆုံးဖိုင်နယ်ပြိုင်ပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က တိုင်းဒေသကြီးအားကစားနှင့် ကာယပညာ ဦးစီးဌာန၊ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ တိုင်းဒေသကြီး ဉပဒေချုပ် ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် တူရွှင်နွှဲပျော်ဂီတ ပွဲတော် နောက်ဆုံးဖိုင်နယ်ပြိုင်ပွဲအနေဖြင့် ပြိုင်ပွဲဝင် အဆိုရှင်များမှ မဲကျရာတေးသီချင်း (၁)ပုဒ်နှင့် စိတ်ကြိုက်တေးသီးချင်း(၁)ပုဒ်တို့ဖြင့် ပါဝင်သီဆိုယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် တူရွှင်နွှဲပျော်ဂီတပွဲတော် တေးသီချင်းသီဆိုပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒေါ်ဆူးမြတ်နန္ဒာနှင့် ဒုတိယဆုရရှိခဲ့သော တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဦးအောင်ကိုမြတ် တို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းက လည်းကောင်း၊ တတိယဆုရရှိခဲ့သော မကွေးပညာရေးဒီဂရီကောလိပ်မှ ဦးတင်မိုးဝင်းအား စီးပွားရေး ရာ ဝန်ကြီး ဦးအောင်ချိန်မှ လည်းကောင်း၊ နှစ်သိမ့်ဆုရရှိသူ များအား သယံဇာတရေးရာ ဝန်ကြီး ဦးစိုင်းမြင့်အေး၊ တိုင်းဒေသကြီးဉပဒေချုပ် ဦဝင်းမြင့်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်တို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သိရသည်။

အဆိုပါ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် တူရွှင်နွှဲပျော်ဂီတ ပွဲတော် တေးသီချင်းသီဆိုပြိုင်ပွဲကို ဖေဖော်ဝါရီလ (၉)ရက်နေ့မှ စတင်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်သူဦးရေ (၇၅)ဦးရှိကြောင်းသိရသည်။

ကိုစည်သူ (မကွေး)