စလင်းမြို့တွင်(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အလံတင်အခမ်းအနားကျင်းပပြုလုပ်

စလင်း  ဖေဖော်ဝါရီ  ၁၃

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင်ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ တွင်ကျရောက် သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အလံတင် အလေးပြုခြင်း အခမ်းအနားကို မြင်တင်ရပ်ကွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်းတွင် နံနက် ၅နာရီ၃၀အချိန်က နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင် ကျဆုံးလေ ပြီးသော နိုင်ငံခေါင်းဆောင်ကြီး များ နှင့်ရဲဘော်အပေါင်းအား အလေးပြုခြင်းအခမ်းအနားကို ကျင်းပ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထို့နောက်နံနက်၇နာရီ၄၀အချိန်တွင်(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာအဆင့်အကြီးအကဲများ၊ ကျောင်းသားကျောင်းသူများတက် ရောက်နေရာယူကြပြီး အခမ်အနားကို ဖွင့်လှစ်ကြေငြာကာ အလံတင်အခမ်းအနားသို့ တက်ရောက်လာသည့်မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဂုဏ်ပြုတပ်ဖွဲ့မှ နိုင်ငံတော်အလံအလေးပြုခြင်း၊ ကျဆုံးလေပြီးသောနိုင်ငံခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအားအလေးပြုခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်နိုင်င်ထံမှပေးပို့သော (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့သဝဏ်လွှာအား မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်ကဖတ်ကြားခဲ့ပြီး၊ စလင်းမြို့နယ်အတွင်း (၇၅)နှစ်မြောက်စိန် ရတုပြည်ထောင် စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကား ပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ဆောင်းပါး ပြိုင်ပွဲတို့တွင် တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်တို့တွင်ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြိုနယ်အုပ်ချုပ်ရေးမှူးဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် အမျိုးသမီး ရေးရာအဖွဲ့တို့က ဂုဏ်ပြုဆုအသီးသီးအားပေးအပ်ခဲ့သည်။

ယင်းအခန်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက (၇၅)နှစ်မြောက် စိန်ရတုနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များ ကိုအခမဲ့ဖြန့် ဝေခဲ့ ကြောင်းသိရှိရသည်။

မောင်လွင်(စလင်း)