အုတ်တွင်း ဖေဖော်ဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အလံတင် အခမ်းအနားနှင့် ပြည်ထောင်စုနေ့ သ၀ဏ်လွှာ ဖတ်ကြားသည့် အခမ်းအနားတို့ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အလံတင် အခမ်းအနားကို ကျင်းပရာ နံနက် ၅ နာရီခွဲ အချိန်တွင် နိုင်ငံတော်အလံအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့က အလံတင် စစ်ခရာမှုတ်၍ တိုင်ထိပ်သို့လွှင့်တင်ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များဌာနဆိုင်ရာ အကြီးအကဲများက အလံတင်အဖွဲ့နှင့်အတူ နိုင်ငံ တော်အလံကို အလေးပြုကြသည်။
ပြည်ထောင်စုနေ့သ၀ဏ်လွှာ ဖတ်ကြားသည့် အခမ်းအနားကို နံနက် ၇ နာရီ ၄၀ မိနစ် အချိန်တွင် သီရိရတနာ ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သ၀ဏ်လွှာအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးညီညီကဖတ်ကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်(၁) ဗိုလ်မှူးမြင့်ဇော်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှဂုဏ်ပြုတပ်ဖွဲ့ဝင်များ၊ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များစုစု ပေါင်း (၁၀၀)ခန့် တက်ရောက်ခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) ကထုတ်ဝေသော (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်ကိုလည်း အခမဲ့ဖြန့် ဝေပေး ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)