ရေဖြူ ဖေဖော်ဝါရီ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ယနေ့တွင်ကျရောက်သည့် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်တွင် ရေဖြူမြို့၊ မြဟေဝန်ပန်းခြံရင်ပြင်၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးမိုးဆန်းထွန်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့တွင် ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားသည်။
ထို့နောက် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ်ကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီ၊ စာစီစာကုံး၊ ဆောင်းပါး၊ ပိုက်ကျော်ခြင်း၊ စကားပုံဆက်၊ ဆေးရောင်ခြယ်နှင့် ကဗျာရွတ်ပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား/သူများအား ဆုချီးမြှင့်သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင်ဝန်ထမ်းများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျောင်းသား ကျောင်းသူများတက်ရောက်ခဲ့ကြောင်းသိရသည်။
ခတ္တာ (ရေဖြူ)