ရွှေဘို၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသဝဏ်လွှာဖတ်ပွဲကျင်းပ

ရွှေဘို ဖေဖော်ဝါရီ ၁၃

 စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ မြို့တော်ခန်းမတွင် ယမန့်နေ့ နံနက် ၇ နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား သဝဏ်လွှာဖတ်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအား အလေးပြုခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာကို ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦး ကဖတ်ကြားခဲ့သည်။

ဆက်လက်ပြီး (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါး ပြိုင်ပွဲတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ပြီး တိုင်းဒေသကြီးအဆင့် ကဗျာနှင့်ဆောင်းပါးတွင် ဆုရရှိသူများကို ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်လာသူများကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက Mask နှင့် Face Shee များဖြန့်ဝေပေးခဲ့သည်။

စိုးသီဟ(ရွှေဘို)