(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ကျောင်းကုန်း ဖေဖော်ဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို မိုးလုံလေလုံ အားကစားခန်းမ၌ လည်းကောင်း၊  ဖူဆယ်ဘောလုံး ပြိုင်ပွဲကို "သုခကြွယ်" ဖူဆယ်ဘောလုံးကွင်း၌လည်းကောင်း ယမန်နေ့ နံနက်ပိုင်းက ဗိုလ်လုပွဲ ကျင်းပခဲ့ပြီး ဆုချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ရှေးဦးစွာ ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲတွင်    အမှတ်(၁) ရပ်ကွက်အသင်းနှင့် အမှတ်(၄)ရပ် ကွက် အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြရာ အမှတ်(၁)ရပ်ကွက်အသင်းက ပထမဆုကိုလည်းကောင်း၊ ဖူဆယ်ဘော လုံးပြိုင် ပွဲတွင် အမှတ်(၂)ရပ်ကွက်အသင်းနှင့် အမှတ်(၃)ရပ်ကွက်အသင်းတို့ ယှဉ်ပြိုင် ခဲ့ကြရာ အမှတ်(၃)ရပ်ကွက်အသင်းက ပထမဆု ကိုလည်းကောင်း ရရှိခဲ့ပြီး ပြိုင်ပွဲအပြီးတွင် ပထမဆု၊  ဒုတိယဆု၊ တတိယဆုနှင့် ပွဲစဉ်အလိုက် အကောင်းဆုံးအားကစားသမားဆုတို့ကိုတာဝန်ရှိသူများက ဆုများအသီးသီး  ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)