ဝါးခယ်မ ဖေဖော်ဝါရီ ၁၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် တည်ဆဲဥပဒေများကို ကျူးလွန်ဖောက်ဖျက်၍ အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသားများအနက် ထိုက်သင့်သည့် ပြစ်ဒဏ်ကို ကျခံပြီးဖြစ်သည့်အပြင် စည်းကမ်းကာင်းမွန်စွာ နေထိုင်ကြသော အကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပြုပေးခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကစကဲကျေးရွာအုပ်စု/ကျေးရွာရှိ ကစကဲစိုက်ပျိုး မွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းတွင် အကျဉ်းစခန်းတာဝန်ခံ ဦးစီးအရာရှိ ဦးချစ်ကို၊ ရွှေလောင်းနယ်မြေ ရဲစခန်းမှူး ရဲအုပ် သန်းထွန်းနှင့် တာဝန်ရှိသူများက ယနေ့ နံနက် ၁၀ နာရီက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ ပြစ်ဒဏ်ကျခံသူများအနက်မှ အကျဉ်းသား (၃)ဦးအား စည်းကမ်းချက်များနှင့်အညီ နေထိုင်ရန် သတိပေးဆုံးမမှုများ ပြုလုပ်၍ လွတ်ငြိမ်း ခွင့်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါအမိန့်တွင် "နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်" ဟူသော စည်းကမ်းချက် ပါရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)