ထားဝယ်မြို့တွင်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

ထားဝယ်  ဖေဖော်ဝါရီ ၁၃

 

တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှဦးစီး၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီး၊ ထားဝယ်ခရိုင်(၄)မြို့နယ်ရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ပူးပေါင်း ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး အထောက်အကူပြုရန်ရည်ရွယ်၍ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရုံးရှေ့တွင်ကျင်းပခဲ့ကြောင်းသိရသည်။

 

အဆိုပါထမနဲထိုးပြိုင်ပွဲတွင် အသင်း(၆)သင်းစုဖွဲ့၍ ယှဉ်ပြိုင်နေမှုကို တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှူး ဦးဇော်လင်းထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး အကဲဖြတ်ဒိုင်အဖွဲ့များက စိစစ်ရွေးချယ် အကဲဖြတ် အမှတ်ပေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှူး ဦးဇော်လင်းထွန်းက ဆုရရှိသည့်အသင်းများအား ဆုများပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။

ရွှေပင်လယ်(ထားဝယ်)