မြောက်ဦးမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများကို Booster Dose ကာကွယ်ဆေး တတိယအကြိမ် ထပ်ဆောင်းထိုးနှံပေး

မြောက်ဦး  ဖေဖော်ဝါရီ ၁၃

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများကို  ယမန်နေ့ နံနက် ၉ နာရီအချိန်မှစတင်ကာ ထမ္မရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးဟောင်း အစည်းအဝေးခန်းမ၌ Booster Dose ကာကွယ်ဆေးများကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများမှ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးမောင်မောင်သန်း ဦးဆောင်ကာ Booster Dose ကာကွယ်ဆေးအား တတိယအကြိမ်မြောက် ထပ်ဆောင်းထိုးနှံပေးခြင်းဖြစ်သည်။ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှမီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်ရပ်ကွက်စာ ရေးများပူးပေါင်းကာကာကွယ် ဆေးထိုးနှံ ရန်ရောက်ရှိလာသူများအား အမည်စာရင်းကောက်ယူခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်လမ်းညွှန်ချက်များနှင့်အညီ ဆေးမထိုးနှံမီကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်း တာပေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့်ပုံမှန်အနေအထား ရှိမှသာ ကာကွယ် ဆေးထိုးနှံ ပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူများ အား မိနစ် ၃၀ ခန့် အနားယူစေရန် သက်ဆိုင်ရာ ဌာ နများမှ ကူညီစီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

Booster Dose ကာကွယ်ဆေးကို နောက်ဆုံး ရက်ဖြစ်သော စတုတ္ထရက်မြောက်နေ့တွင် ကျန်ရှိနေသော ပညာရေးဝန်းထမ်း ကျား (၁၈၈)ဦးနှင့် မ (၂၃၈) ဦး စုစုပေါင်း(၄၂၆) ဦးလာရောက်၍ ထိုးနှံလျက်ရှိကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)