(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သ၀ဏ်လွှာဖတ်ပွဲ ဖြူးမြို့၌ ကျင်းပ

ဖြူး ဖေဖော်ဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့  အလံတင် အခမ်းအနားနှင့် ပြည်ထောင်စုနေ့သ၀ဏ်လွှာ ဖတ်ကြားသည့် အခမ်းအနားတို့ကို ယမန်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးဝန်းရှိ ကျောက်တိုင်ရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အလံတင်အခမ်းအနားကို ကျင်းပရာ နံနက် ၅ နာရီခွဲ အချိန်တွင် နိုင်ငံတော် အလံအား အလံတင် စစ်ခရာမှုတ်၍ တိုင်ထိပ်သို့ လွှင့်တင်ပြီး  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ  အကြီးအကဲများက အလံတင်အဖွဲ့နှင့်အတူ နိုင်ငံတော်အလံကို အလေးပြုကြသည်။

ဆက်လက်၍ ပြည်ထောင်စုနေ့သ၀ဏ်လွှာ ဖတ်ကြားသည့် အခမ်းအနားကို ကျင်းပရာ နံနက် ၇ နာရီ၄၀မိနစ် အချိန်တွင်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား တက်ရောက် လာကြသူများက အလေးပြုခြင်းများ ဆောင်ရွက်ကာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှပေးပို့သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သ၀ဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက ဖတ်ကြားသည်။

ထို့နောက်  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့  အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများ တွင် မြို့နယ်အဆင့်ဆုရ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆုချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့  အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များအား ဝန်ထမ်းများက ဖြန့်ဝေခဲ့ကြောင်းသိရသည်။

နေမျိုးလွင်(ပြန်/ဆက်)