ကန်ကြီးထောင့် ဖေဖော်ဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသော မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း) ဘောလီဘော၊ ပိုက်ကျော်ခြင်းနှင့် ကြက်တောင်ရိုက် ပြိုင်ပွဲများ အတွက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ဧရာသီရိသုခ ခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နိုင်လင်းအောင်က ပြိုင်ပွဲများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဒိုင်လူကြီးများအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။
ထို့နောက် ဂိုးလတ် အငယ်တန်းဘောလုံးပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ အမျိုးသားအလွတ်တန်း ဘော်လီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့် အသင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် တာဝန်ရှိသူများက တစ်ဦးချင်း ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများကို ဇန်နဝါရီလ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၁ ရက်နေ့အထ ကျင်းပပြုလုပ်ခဲ့ပြီး ဌာနဆိုင်ရာ ၆ သင်း၊ တိုက်နယ် ၉ သင်း၊ ရပ်ကွက် ၂ သင်းနှင့် ကျေးရွာ ၁ သင်းတို့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)