တောင်တွင်းကြီး ဖေဖော်ဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများတွင် ဆုရရှိသူ များအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၈) နာရီအချိန်က ရန်ပယ်ပြည်သူ့ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းက အဖွင့်အမှာစကား ပြောကြား ပြီး မြို့နယ်အားကစားမှူးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကာ အားကစားပြိုင်ပွဲ အသီးသီးတွင် ပထမဆု၊ ဒုတိယဆုရရှိသည့် အသင်းများမှ အားကစားသမား များကို တစ်ဦးခြင်း ဆုတံဆိပ်များ၊ အသင်းလိုက် တံခွန်စိုက်ဒိုင်းဆုနှင့် ငွေသားဆုငွေများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)