အိမ်မဲမြို့နယ်တွင်(၇၅)နှစ်မြောက် စိန်ရတုပြည် ထောင်စုနေ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံတင်အခမ်းအနား၊ အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ

အိမ်မဲ ဖေဖော်ဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အထက်ပိုင်းရပ်ကွက်ရှိ လွတ်လပ်ရေးပန်းခြံတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံတင် အခမ်းအနားကို ယနေ့နံနက် ၅ နာရီ ၁၅ မိနစ်အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ကျောင်းသား/ သူများ၊ ပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး နံနက် ၇နာရီ ၂၅ မိနစ်အချိန်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည် ထောင်စုနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံအားအလေးပြု ခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ကျင်းပရာ ဂုဏ်ပြုတပ်ဖွဲ့မှ ဦးဆောင်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအလေးပြုခြင်းနှင့် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီး များအား အလေးပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော၂၀၂၂ခုနှစ်(၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်က ဖတ်ကြားပေးခဲ့သည်။

ယင်းနောက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းအဆင့်၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီနှင့် ကျပန်း စကားပြောပြိုင်ပွဲဆုရ ကျောင်းသား/ သူများ၊ တိုင်းဒေသကြီး အဆင့် အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆု ရရှိခဲ့သော အားကစားသမားများနှင့် သတင်းအချက် အလက်များ တွင်စိတ်ပါဝင်စားတက်ကြွစွာ ဆောင်ရွက်မှု အတွက် ဆုရရှိခဲ့သော ပြန်/ဆက်ဝန်ထမ်း တို့ အား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် အ.ထ.က(၁)အိမ်မဲမှ ကျောင်းသား/ သူများက " ပြည်ထောင်စုကြီး တို့ရဲ့ မြန်မာ" သီချင်း၊အ.ထ.က(၂)အိမ်မဲမှ ကျောင်းသား/ သူများက " ဇာတိမာန်"သီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ အလေးပြုခြင်းနှင့် သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားသို့ တက်ရောက်လာသူများအား မြို့နယ် ပြန်/ဆက်ဦးစီးမှူးနှင့် ဝန်ထမ်းများက (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)