သံတောင်ကြီးမြို့နယ်  လူထုအခြေပြူဗဟိုဌာန ( Community   Centre) ခန်းမတွင် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk   Show ပြုလုပ်

သံတောင်ကြီး ဖေဖော်ဝါရီ ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေ ချစ်မြတ်နိုးသူ (Book   Club) အဖွဲ့ဝင်တို့ ပူးပေါင်းပြီး (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk   Show  ကို ယနေ့ နံနက်(၁၀)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community   Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နော်လော်မူက (၇၅) နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk   Show ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ပြောကြားပြီး သံတောင်ကြီးမြို့ စာအုပ်စာပေချစ်မြတ်နိုးသူ (Book   Club) အဖွဲ့ဝင် စောဟဲဒိုစိုးက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ လူတိုင်းပြည်ထောင်စု စိတ်ဓာတ် ထားရှိသင့်သည့် အကြောင်းအရာများ၊ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့သူများ၊ နယ်ချဲ့အင်္ဂလိပ်တို့မှ တိုင်းရင်းသားပြည်သူများအား သွေးခွဲခဲ့မှု၊ ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများ ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။               

နော်နော်မူ