ဇလွန်မြို့၌ ပြည်ထောင်စုနေ့နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနား ကျင်းပ

ဇလွန် ဖေဖော်ဝါရီ  ၁၂

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် ၂၀၂၂ခု နှစ်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်ခြင်းနှင့် နိုင်ငံတော်အလံအလေးပြုခြင်း အခမ်း အနားအား ယနေ့နံနက် ၅ နာရီ  ၃၀ မိနစ်အချိန်က လမ်းမတော်မြောက်ရပ်ကွက် အဒါးလမ်းရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် နယ်မြေခံရဲတပ်ဖွဲ့၏ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဒုရဲအုပ်နိုင်ဌေးဦးက နိုင်ငံတော်အလံကို လွှင့်တင်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်ခြင်းနှင့် နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနားသို့ တက်ရောက်အလေးပြုခဲ့ကြောင်း သိရသည်။

ဇလွန်(ပြန်/ဆက်)