ပခုက္ကူ ဖေဖော်ဝါရီ ၁၂
၂၀၂၂ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အလံတင်ခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်း အနားကို ဖေဖော်ဝါရီလ ၁၂ ရက် နံနက်ပိုင်းက ပခုက္ကူမြို့၊ အမှတ်(၈)ရပ်ကွက်၊ လွတ်လပ်ရေးပန်းခြံတွင် ကျင်းပသည်။
ပထမဦးစွာ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အလံတင်အခမ်းအနားကို နံနက် ၅နာရီခွဲအချိန်တွင် ကျင်းပရာ ပခုက္ကူမြို့နယ်ရဲတပ်ဖွဲ့မှ ဂုဏ်ပြုတပ်ဖွဲ့တို့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် အလံအား လွှင့်တင်ကြပြီး ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့်တက်ရောက်လာကြသည့် ဧည့်သည်တော်များက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်တို့ကို အလေးပြု ကြသည်။
ယင်းနောက် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို နံနက် ၇နာရီ၄၀မိနစ်အချိန် တွင်ဆက်လက်ကျင်းပရာ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အလံအားအလေးပြုကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာကို ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းလှိုင်က ဖတ်ကြားသည်။
အခမ်းအနားသို့ ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်သူနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)