သရက်ချောင်းမြို့နယ်၌(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အလံတင်အခမ်းအနားအောင်မြင်စွာကျင်းပ

သရက်ချောင်း  ဖေဖော်ဝါရီ    ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စည်ပင်သာယာကျောက်တိုင် ဝင်းအတွင်း၌ ယနေ့နံနက်(၅)နာရီခွဲအချိန်က မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်၍ (၇၅)နှစ် မြောက်စိန်ရတုပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို‌အောင်မြင်စွာ ပြုလုပ်ကျင်းပခဲ့ပါ သည်။

ထိုသို့ ကျင်းပပြုလုပ်ရာတွင် သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးထွေးဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဘင်ခရာတပ်ဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။

နန်းခလိုက်(သရက်ချောင်း)