အိမ်မဲ ဖေဖော်ဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အထက်ပိုင်းရပ်ကွက်ရှိ လွတ်လပ်ရေး ပန်းခြံတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံတင်အခမ်းအနားကို ယနေ့နံနက် ၅ နာရီ ၁၅ မိနစ်အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ သူများ၊ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)