ကမမောင်း ဖေဖော်ဝါရီ ၁၁
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် "အိုမီခရွန်" အကြောင်း သိကောင်းစရာများ အကြောင်းကို ပြည်သူများ သိရှိစေရန်နှင့် လိုက်နာဆောင်ရွက်ကြစေရန် ရည်ရွယ်၍ အိုမီခရွန်အကြောင်း သိကောင်းစရာအသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ယဉ်ယဉ်အေးက(Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားပြီး ကျေးလက် ကျန်းမာရေးဌာန အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းယုဝေက အိုမီခရွန်အကြောင်း သိကောင်းစရာများ၊ ဗိုင်းရပ်စ်သစ်တွေ့ရှိကြောင်း WHO ကြေညာချက်၊ အိုမီခရွန်ရောဂါ လက္ခဏာများ၊ ပြည်ပနိုင်ငံများနှင့် အိုမီခရွန်၊ အိုမီခရွန်၏ထူးခြားသောအချက်များ၊ မိမိကိုယ်ကိုကာကွယ်ရမည့် အချက်များကို Online မှ တစ်ဆင့် အသိပညာပေးဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကမမောင်း(ပြန်/ဆက်)