လေးမျက်နှာ ဖေဖော်ဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centreခန်းမတွင် မြို့နယ်မီးသတ် ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နေ့လယ်ပိုင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး(Talk Show) ပြုလုပ်ခဲ့သည်။
လေးမျက်နှာမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးရဲနောင်ဝင်းမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုများတွင် မီးဘေးအန္တရာယ် ဖြစ်ပွားမှုမှာ အများဆုံးဖြစ်၍ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထု ပူးပေါင်းကာ မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ရန် လိုအပ်ကြောင်း၊ မြို့နယ်မီးသတ် ဦးစီးဌာနအနေဖြင့် ရပ်ကွက်/ကျေးရွာများတွင် မီးသတိပြုရေး အသိပညာပေး ဟောပြောပွဲများ၊ ဆိုင်းဘုတ်ပိုစတာများ ကပ်ထားခြင်းနှင့် မီးသတိပြုရေး လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မီးဘေးကြိုတင် ကာကွယ်ရေးတွင်လည်း မီးသတ် တပ်ဖွဲ့ဝင်များမှ စက်သုံးဆီဆိုင်များနှင့် လူနေအိမ်များအား လိုက်လံ စစ်ဆေးခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မီးငြိမ်းသတ်ရေးအပိုင်းတွင်လည်း နေအိမ်များတွင် မီးချိတ်မီးကတ်၊ သဲပုံးရေပုံးများထားရှိရန် လိုအပ်ကြောင်း၊ မီးဘေးအန္တရာယ် ကျရောက်လာလျှင် မီးသတ်ဆေးဗူးဖြင့် ငြိမ်းသတ်ခြင်းသည် အကောင်းဆုံးဖြစ်၍ နေအိမ်များ၊ စက်သုံးဆီဆိုင်များတွင် ဆောင်ထားရန် လိုအပ်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး (Talk Show) များ၊ စာဖတ်ဝိုင်းများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ကဗျာရွတ်အစီအစဉ်၊ ပုံပြောအစီအစဉ်၊ ဆောင်းပါး မိတ်ဆက် အစီအစဉ်များကို ကိုဗစ်-၁၉ကာလအတွင်း Online မှတစ်ဆင့် အပတ်စဉ် ပြုလုပ်ပေးလျက်ရှိပြီး အသိပညာပေး (Talk Show)များ ပြုလုပ်ခြင်းဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)