လိပ်သို ဖေဖော်ဝါရီ ၁၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသထွက်ကုန်ဖြစ်သော ကော်ဖီအရည်အသွေးမြှင့် ထုတ်လုပ်နိုင်ရေးအတွက် တောင်သူအသိပညာပေးသင်တန်းကို ယနေ့နံနက် (၁၁)နာရီအချိန်က လိပ်သိုမြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ရုံးတွင်ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးလင်းအောင်မှ ဒေသထွက်ကော်ဖီများ ဈေးကွက်ဝင်အရည်အသွေးမီ ဖြစ်စေရေးအတွက် ကော်ဖီအသီး ခူးဆွတ်ခြင်း၊ အခြောက်လှန်းခြင်း၊ သိုလှောင်ခြင်း နည်းပညာများကို ဆွေးနွေးပို့ချပေးခဲ့ပြီး တက်ရောက်လာသော ကော်ဖီစိုက်တောင်သူများက သိရှိလိုသည်များကို မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ရာ မြို့ဦးစီးမှူးမှ ပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရသည်။
နော်နီလာအေး