လှိုင်းဘွဲ ဩဂုတ် ၂၇
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း ကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၁၄၄၄၀) အတွက် ထောက်ပံ့ငွေများကို ဩဂုတ်လ (၂၁) ရက်နေ့က ထောက်ပံ့ပေးအပ်ခဲ့ရာ ထောက်ပံ့ငွေမရရှိသေးသည့် အိမ်ထောင်စုများအတွက် ထပ်မံ၍ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းနှင့်ဝန်ထမ်းများက လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၈၅) စုမှ ထောက်ပံ့ငွေမရရှိသေးဘဲ ကျန်ရှိခဲ့သော အိမ်ထောင်စု (၃၅၅၀) စုအတွက် တစ်အိမ်ထောင်စုလျှင် (၂၀၀၀၀) ကျပ်နှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)