ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ  လူထုအခြေပြုဗဟိုဌာနတွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဆွေးနွေးပွဲ  (Talk Show) ဆောင်ရွက်

ကလိန်အောင်  ဖေဖော်ဝါရီ  ၁၁

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ရောက်ရှိမည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်နေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၉ နာရီက ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show အစီအစဉ်တွင် ကလိန်အောင်မြို့  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးမိုးခိုင်နှင့် ရုပ်သံကျွမ်းကျင် (၃) ဒေါ်ခင် ခင်လဲ့တို့က တိုင်းရင်းသားလူမျိုးများ အေးအတူပူအမျှ အတူတကွ စုပေါင်းနေထိုင် လာခဲ့သည်ကို ပြည်ထောင်စုမြန်မာနိုင်ငံဟု သတ်မှတ်ပြီး မြန်မာနိုင်ငံအပေါ် နယ်ချဲ့ တိုင်းတပါးများက မတရားခြယ်လှယ်သိမ်းပိုက်ခဲ့ကြပြီး ပြည်ထောင်စုဖွား တိုင်းရင်းသားများကို စိတ်ဝမ်းကွဲပြားအောင် သွေးခွဲအုပ်ချုပ်မှုစနစ်ကျင့်သုံးလာခဲ့ကြောင်း၊ သို့သော် ပြည် ထောင်စုဖွားတိုင်းရင်းသားများအနေဖြင့် စည်းလုံးမှုလျော့မသွားဘဲ ညီညွတ်အားဖြင့် ပြည်ထောင်စုကြီးကို ကယ်တင်လိုသည့်ဆန္ဒဖြင့် ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ ၁၉၄၇ ခုနှစ်၊  ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် တိုင်းရင်းသားလူမျိုးအသီးသီး၏ စည်းလုံးမှုအားကို ပြဆိုခဲ့သည့် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ အဆိုပါနေ့ကို ပြည်ထောင်စု နေ့ဟုသတ်မှတ်လာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၇၅)နှစ်မြောက် စိန်ရတုတိုင်ခဲ့ပြီ ဖြစ်ပါ ကြောင်း စသည်တို့ကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြသည်။

ကလိန်အောင်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အသိပညာပေးဆွေးနွေးပွဲ(Talk Show) အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် We Love Kalainaung Online Page တွင်လည်း ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

မိုးမိုးခိုင်